စစ်ကိုင်း မတ် ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းခရိုင်ရုံး Community Centre ၌ နွေရာသီအခြေခံပန်းချီသင်တန်းကို မတ်လ ပထမအပတ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ သင်တန်ဖွင့်လှစ်မှု အပေါ်တွင်အောင်မြင်မှုရှိ/မရှိကိုလည်းကောင်း တက်ရောက်ကြသည့် ကလေးများ၏ သင်ကြာသည့်ဘာသာရပ်အပေါ်တွင် လေ့လာမှတ်သားသင်ယူနိုင်စွမ်းကို စမ်းစစ်ချက်အနေဖြင့် ပုံတူပန်းချီရေဆွဲပြိုင်ပွဲနှင့် ပန်းချီသင်တန်းဆင်ပွဲ အခမ်းအနားကို မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သင်တန်တက်ရောက်ကြသည့် ကလေးများအား ပုံတူပန်းချီရေးဆွဲပြိုင်ပွဲကို ကျင်းပပေးခဲ့ရာ သင်တန်းသား၊ သင်တန်းသူ (၃၅) ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်ပြီး ပန်ချီသင်တန်းဆင်းပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး
ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်နေမျိုးပိုင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မိမိတို့ရုံးအနေဖြင့် ယခုသင်တန်းဆင်းပါက ပန်ချီးသင်တန်းများ၊ အခြေခံကွန်ပျူတာသင်တန်းများ၊ အင်္ဂလိပ် (Grammar) သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း၊ ကလေးများအတွက် နွေရာသီအားလပ်ရက်များမှာ အချိန်ကိုအကျိုးရှိရှိအသုံးချ၍ မိမိတို့အတွက် အကျိုးရှိထိရောက်စေမည့်သင်တန်းများကို တက်ရောက်လေ့လာသင်ယူနိုင်စေရန် ရည်ရွယ်ပါကြောင်း၊ ဖွင့်လှစ်သည့် သင်တန်းများအားလုံးကိုလည်း အခမဲ့စီစဉ်ဆောင်ရွက်ပေးတာဖြစ်ကြောင့် ပြောကြားခဲ့ပြီး၊ သင်တန်းနည်းပြဆရာမှ သင်တန်းအတွေ့အကြုံများနှင့်သင်တန်းသာများ၏ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြသည့် ပန်းချီံများအပေါ် အကဲဖြတ်အမှတ်ပေးမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နေမျိုးပိုင်က သင်တန်နည်းပြဆရာအား ဂါရဝပြုလက်ဆောင်ပေးအပ်ခဲ့ပြီး ပုံတူပန်းချီဆွဲပြိုင်ပွဲတွင် ဆုရရှိကြသည့် ကလေးများအာ ဆုများအသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရှိရသည်။
ဇော်မြင့်နိုင်