တမူး မတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် သစ်တောဦးစီးဌာနတွင်ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းအရာများအား ချပြရှင်းလင်းခြင်းကို မတ်လ(၁၃)ရက်နေ့ မွန်းတည့်( ၁၂) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းရာတွင် တမူးခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းဦး၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမိုးကျော်သူတို့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် ပက်သက်၍ မိမိတို့ဝန်ထမ်းများသိရှိရန် (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်၊ (၂၀၁၀) ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဥပဒေပြဋ္ဌာန်းခြင်းနှင့် အာဏာတည်ခြင်း၊ ဥပဒေအာဏာတည်ပြီး လက်ရှိဆောင်ရွက်နေမှု၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသူများ၊ ယာယီရွှေ့ဆိုင်းခွင့်ရသူများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် ကာလများစသည့် ပြည်သူ့စစ်မှုထမ်းဥပဒေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းရာ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)