စစ်ကိုင်း မတ် ၁၅
စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဆီထွက်သီးနှံ အထူးဇုန်အကောင်အထည်ဖော်ရေးနှင့် စီမံကိန်းငွေစာရင်းဆိုင်ရာ အချက်အလက်များ ရေးသွင်းခြင်း နည်းပညာပေး သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက အဆိုပါရုံးရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးအောငက အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့ဝင်(၂)ဦးတိုးဝေက သက်ဆိုင်ရာဌာနအနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့် မားရေးအတွက် ဘက်စုံသင်တန်းများ ဖွင့်လှစ်ပေးခဲ့တဲ့အတွက် ဝန်ထမ်းများအနေဖြင့် နည်းပညာများ ကို ကိုယ်တိုင်သိရှိထားမှသာလျှင် တောင်သူများအား ပြန်လည်မျှဝေပေးသွားနိုင်မှာ ဖြစ်တဲ့အတွက် စိတ်ပါဝင်စားစွာ လေ့လာမှတ်သားသွားကြဖို့ ဆွေးနွေးပြောကြားကာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးမှ ဒေါက်တာတင်မာမာဦးက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ စစ်ကိုင်းခရိုင်၊ ကောလင်းခရိုင်၊ ကသာခရိုင်တို့မှ ဝန်ထမ်း(၇၀)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကို(၃)ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း၊ “သီးထပ် စွမ်အားမြှင့်တင်ရေး သီးနှံပုံစံများ ရေးဆွဲခြင်း”၊ “ဆီထွက်သီးနှံများ ပန်းတိုင်းအထွက်နှုန်းရရှိရေး လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များ”၊ စီမံကိန်းဆိုင်ရာ၊ ငွေစာရင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)