စစ်ကိုင်းမြို့တွင် နွေရာသီကျောင်းပိတ်ရက် အားကစားမျိုးစုံသင်တန်းများ ဖွင့်လှစ်သင်ကြား

စစ်ကိုင်း မတ် ၁၅

စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာန၊ သက်ဆိုင်ရာအားကစား ဆပ်ကော်မတီအဖွဲ့အသီးသီးတို့ဖြင့်ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ အခြေခံအားကစားများဖြစ်သည့် ဘော့လုံး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ ဘက်စကက်ဘော၊ တင်းနစ်၊ အေရိုးဗစ်၊ Fitness Dance၊ Ground Tennis အားကစားနည်း (၈) မျိုးတို့ကို ယမန်နေ့ ညနေပိုင်းကစ၍ ပိုးတန်းအားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အခြေခံအားကစားများဖွင့်လှစ်သင်ကြားရာသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့်တာဝန်ရှိသူများ၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်းစီးမှူးနှင့် တာဝန်ရှိသူများ က လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါသင်တန်းများကို မတ်(၁၀)ရက် မှ ဧပြီ(၁၁)ရက်နေ့အထိ သင်ကြားပြသပေးသွားမှာဖြစ်ပြီး အားကစားနည်းများအလိုက် တက်ရောက်သင်ကြားနေသူ သင်တန်းသား၊ သင်တန်းသူ(၁၅၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)