ကသာ မတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းဝင်းက အဆိုပါကွန်ပျူတာသင်တန်းသည် လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ နည်းပညာနှင့်အကျွမ်းတဝင်ဖြစ်စေရန်၊ ကွန်ပျူတာပညာရပ်ကို စနစ်တကျလေ့လာ နိုင်စေရန်နှင့် ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကွန်ပျူတာအခြေခံသင်တန်း အပတ်စဉ်(၂/၂၀၂၄)ကို ယခုလမှစ၍ ဖွင့်လှစ်ပေးလျက်ရှိကြောင်းနှင့် တက်ရောက်လာကြသည့် သင်တန်းသားများအနေဖြင့် သေချာစွာသင်ယူကြရန်မှာကြားခဲ့သည်။ ထို့နောက် ကွန်ပျူတာအခြေခံသင်တန်း (၂/၂၀၂၄) တွင် သင်ကြားသွားမည့် ဘာသာရပ်များနှင့် ပတ်သက်၍ သင်တန်းနည်းပြဆရာ ဦးသျှားညိုက ရှင်းလင်းပြော ကြားသည်။
အဆိုပါ သင်တန်းကို သင်တန်းသား/ သင်တန်းသူ(၁၀)ဦးဖြင့် နှစ်ပိုင်းခွဲ၍ နံနက် (၈)နာရီမှ (၉)နာရီအထိ သင်တန်းသား/ သင်တန်းသူ (၅)ဦးဖြင့်လည်းကောင်း၊ နေ့လည် (၁)နာရီမှ (၂)နာရီအထိ သင်တန်းသား/ သင်တန်းသူ (၅)ဦးဖြင့်လည်းကောင်း သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်စွာ (ကသာ)