ဟိုင်းကြီးကျွန်းမြို့ ကြာကန်ကမ်းခြေ၌ လင်းပိုင်များဖမ်းဆီးရမိ၍ ပင်လယ်ပြင်သို့ချက်ချင်း ပြန်လွှတ်ပေးခဲ့
Mar 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယမန်နေ့နေ့လယ် (၂)နာရီအချိန်က ကြာကန်ကျေးရွာပင်လယ်ကမ်းခြေတွင် ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ အဏ္ဏဝါကျေးရွာနေ ဦးမြင့်လွင်မှ ကမ်းဆွဲပိုက်ဖြင့် ငါးဖမ်းလုပ်ငန်း ဆောင်ရွက်နေစဥ် လင်းပိုင်(၁၅) ကောင်အား ငါးဖမ်းပိုက်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းဖမ်းဆီးရမိခဲ့သော လင်းပိုင်(၁၅)ကောင်အား ပင်လယ်ပြင်သို့ချက်ချင်းပြန်လွှတ် ပေးနိုင်ခဲ့ပြီး ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။