ပန်းတနော်မြို့နယ်တွင် ၂၀၂၃- ၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP) မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ်

ပန်းတနော် မတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲနှင့် အဆိုပါဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်မျိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်တိုးတိုးမှ စီမံကိန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းပြော ကြားခြင်း၊ ကျေးရွာကော်မတီအဖွဲ့ဝင်များမှ ဆောင်ရွက်ပြီးစီးထားသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား စနစ်တကျထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာကော်မတီအဖွဲ့ဝင်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ ဆက်)