မော်လိုက် မတ်လ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၃-၂၀၂၄ခုနှစ် လယ်သီးထပ်ဆောင်းနေကြာဖြစ် ထွန်းမှုကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၉) နာရီ အချိန်က မြို့မ (၁) အုပ်စု၊ စွယ်တော်ရပ် ၊ တောင်သူ ဦးစန်းလှိုင်၏ နေကြာစိုက်ခင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကားပြော ကြားသည်။ ထို့နောက် ခရိုင်စိုက်ပျိုးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်လှိုင်က “၂၀၂၃ ခုနှစ် နိုဝင်ဘာလက ဆင်းရဲမှုလျော့ချရေးအစီအစဉ်ဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ညွှန်ကြားချက်ဖြင့် ရေဆင်းစပ်မျိုးတင်နေကြာ အခမဲ့ပေးဝေထားခဲ့တာရှိပြီးအဲ့တာတွေကိုတောင်သူတွေ အောင်မြင်ဖြစ် ထွန်းမှုရှိမရှိ၊ တောင်သူများအတွက် အကျိုးရှိမရှိသိချင်တဲ့အတွက် ကွင်းသရုပ်ပြပွဲပြုလုပ်ရခြင်းဖြစ် ကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံမှုနှင့် နိုင်ငံခြားမှ စားအုံးဆီတင်သွင်းမှုလျော့ချရေးအတွက် ဆီထွက်သီးနှံနေကြာကို ရွေးချယ်ရခြင်းဖြစ်ကြောင်း” ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိန်ဦးက နေကြာစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းစေရန် စိုက်ပျိုးရေးနည်းလမ်းများနှင့် မျိုးစေ့များကိုအကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် တောင်သူများကလည်း သိရှိိလိုသည်များကို အပြန်အလှန်မေးမြန်းခဲ့ကြပြီး တောင်သူဦးသန်းပိုက “ ယခုလိုပြပွဲများ စိုက်ပျိုးရေးနည်းလမ်းကောင်းများနှင့် နေကြာများ အောင်မြင် ဖြစ်ထွန်း အောင်ဆောင်ရွက်ပေးမှုများအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန် ထမ်းများ၊ ဌာနဆိုင်ရာများကို” အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ တောင်သူများတက် ရောက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)