သတင်းများ

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၄ ခုနှစ် နှစ် (၅ဝ) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
Mar 15,2024
၂ဝ၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နှစ် (၅ဝ) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်သည်။
မအူပင်မြို့၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Mar 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နေ့လယ်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ-ထ-က (၁)ကျောင်းရှိ စာမေးပွဲဖြေဆိုနေသော ကျောင်းသားများ၊ မြို့မဈေးအတွင်း ဒေသခံပြည်သူများအား သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
တောင်ငူမြို့၌ (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 15,2024
၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက် နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.ထ.က (၂) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးသည်။
နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်) သင်တန်းသားအိပ်ဆောင် ဖွင့်ပွဲအခမ်းအနား ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
Mar 15,2024
၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)သင်တန်းသားအိပ်ဆောင် ၉၀'× ၃၀' RCC(၂)ထပ်(သမိန်ဗရမ်းဆောင်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ တက်ရောက်သည်။
မုံရွာမြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
Mar 15,2024
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ချောက်မြို့နယ်အတွင်း လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ ကွင်းဆင်းစစ်ဆေး
Mar 15,2024
မ​ကွေးတိုင်းဒေသကြီး၊​​ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာ၊ အုံမြားရွာသစ်ကျေးရွာနှင့် ​အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်များတွင် လေပြင်းဘေး ကြိုတင်ကာကွယ်​ရေးလုပ်ငန်း ဆောင်ရွက်​ပြီးစီးမှု အခြေအနေများကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအဖွဲ့မှ​ ယနေ့နံနက်(၉) အချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကော့မှူးတွင် ရပ်ကျေး/ အုပ်ချုပ် ရေးမှူးများ/ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 15,2024
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်‌ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဦးဆောင်သော စစ်ကြောင်းကြီး (၅)ကြောင်း အဖွဲ့ ဒေသခံပြည်သူများနှင့်ကွင်းဆင်းတွေ့ဆုံပွဲ ပြုလုပ်
Mar 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဦးဆောင်သော စစ်ကြောင်းကြီး (၅)ကြောင်း အဖွဲ့ ဒေသခံပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံပွဲကို ကျွန်းကြီးကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာ၊ ရာဇူဒိုင်ကညင် ချောင်းကျေးရွာ၊ ကပ်ခိုကျေးရွာ၊ ကျွန်းကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယနေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ် ဆောင်ရွက်ခဲ့သည်။