ဒိုက်ဦးမြို့နယ်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဒိုက်ဦး မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ယနေ့မွန်းတည့် ၁၂ နာရီ စာမေးပွဲဖြေဆိုပြီးချိန်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် လာရောက်ကြိုဆိုကြသော မိဘပြည်သူများထံသို့အရောက် သွားရောက်ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ အမျိုးသားအကျိုးစီးပွားအတွက် ထမ်းဆောင်ဆောင်းပါး၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာ၊ မျိုးမြတ်မြတ်မြင့်မောင်ရေးသားထားသောဆက်၍ ချီပါတပ်မတော်ကဗျာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ၂၇-၃-၂၀၂၃ ရက်နေ့ (၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်များ ပါဝင်ကြောင်းနှင့် အဆိုပါသတင်းစကားလက်ကမ်းစာစောင်ကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)