ကန်ကြီး‌ထောင့်မြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ကန်ကြီးထောင့် မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်က ကန်ကြီးထောင့်မြို့၊ ညောင်ပင်သာ ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာနှင့် သရက်တောကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ပန်းခင်းစီမံချက်(၃)ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကန်ကြီးထောင့်မြို့နယ်ဦးစီးမှူး ဦးကျော်ဆွေ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ရုံးဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာအုပ်စုနေ ပြည်သူများတွင် နိုင်မရှိသူများ တစ်ဦးချင်းအလိုက်အကွက်အပေါက်များ စိစစ်ခြင်း၊ မြေပြင်ကွင်းဆင်းကောက်ယူခြင်းမှ အထစများစီစစ်၍ လုပ်ထုံးလုပ်နည်းများနှင်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ပြုလုပ်ပေးခဲ့ပြီးနိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် မပျောက်ပျက်အောင်ထိန်းသိမ်း ရမည့်နည်းလမ်းများကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)