လှိုင်းဘွဲ မတ် ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများအား ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် မွမ်းမံသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများကို လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အလယ်တန်းအဆင့်(Grade-9) ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်းနှင့် သိပ္ပံဘာသာရပ်များဖြင့် ဆရာ/ဆရာမ (၃၆၀)ဦး၊ သင်တန်း နည်းပြဆရာ/ဆရာမ(၂၄)ဦးဖြင့်လည်းကောင်း၊ အခြေခံပညာမူလတန်းအဆင့်(Grade-5) ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံနှင့် လူမှုရေးဘာသာရပ်တို့ဖြင့် လှိုင်းဘွဲမြို့ အ.ထ.က(ခွဲ)ကျောင်းတွင် ဆရာ/ဆရာမ (၂၆၉)ဦး သင်တန်းနည်းပြဆရာ/ဆရာမ(၁၈)ဦး၊ အ.ထ.က(ရွှေဂွန်း)တွင် ဆရာ/ဆရာမ (၂၈၂)ဦး၊ သင်တန်းနည်းပြ ဆရာ/ဆရာမ (၁၈)ဦးနှင့် အ.ထ.က (ခွဲ) အထက်ပိုင်ကျုံမြို့တွင် ဆရာ/ဆရာမ (၂၈၉)ဦး သင်တန်းနည်းပြ ဆရာ/ ဆရာမ (၂၀)ဦးတို့ဖြင့် မတ်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဒိ (ပြန်/ဆက်)