ထန်းတပင်မြို့နယ်၌ ကိုရီးယားဘာသာစကား(4 Skill)သင်တန်းကို (အခမဲ့)ဖွင့်လှစ်ပေးသွားမည်

ရန်ကုန်(ထန်းတပင်) မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကိုရီးယားဘာသာစကား(4 Skill)သင်တန်းကို Tr.Hsu  B.A (Korean Topik-6)မှ ဧပြီလ(၇)ရက်နေ့မှ မေလ(၅)ရက်နေ့အထိ အပတ်စဥ်စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် (အခမဲ့)ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားဘာသာစကား(4 Skill)သင်တန်းသို့ တက်ရောက်မည့်သူများကိုလည်း ပညာအရည်အချင်းအနေဖြင့် (Grade-8)နှင့်အထက် သင်တန်းသား၊ သင်တန်းသူများကိုသာ လက်ခံသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)