ကန့်ဘလူမြို့၌ နွေရာသီ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်း အခမဲ့ဖွင့်လှစ်

ကန့်ဘလူ မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို၌ နွေ​ရာသီကျောင်းပိတ်ရက် ကျောင်းသားကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာဘာသာ ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ နွေရာသီအခြေခံအင်္ဂလိပ်စာ Grammar သင်တန်းကို မတ် ၂၈ ရက်နံနက် ၉ နာရီခွဲက ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဆရာ ဦးအေးကိုက အင်္ဂလိပ်စာ Grammar အပိုင်းနှင့်စမ်းစစ်ချက် ဖြေဆိုရန်တို့နှင့် စပ်လျဥ်း၍ ပြောကြားသည်။

အဆိုပါ အင်္ဂလိပ်စာ Grammar သင်တန်းကို မတ် ၂၈ ရက်မှ ဧပြီ ၁၁ ရက်နေ့ထိ အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား ကျောင်းသားကျောင်းသူ ၃၅ ဦးခန့်တက် ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)