ကျိုက်ထို မတ် ၂၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲအား ယမန်နေ့ နေ့လယ် ၁၂ နာရီတွင် ကျိုက်ထိုမြို့နယ်သာသနာ့ဗိမာန်၌ စတင်ဖြေဆိုခဲ့သည်။ အဆိုပါစာမေးပွဲဖြေဆိုရာတွင် ကြီးကြပ်သူများအဖြစ် ဦးသံဝရ(ဥက္ကဋ္ဌ) သစ်ဆင်ပရိယတ္တိစာသင်တိုက်၊ ဦးဒေဝန္ဒ(အတွင်းရေးမှူး)မြို့မရမ်းချိုကျောင်းတိုက်၊ ဦးသိရိန္ဒ(ကပ်ကျော်ကျောင်းတိုက်)၊ ဦးသီဟဗလ မြို့တိုက်တောင်ကျောင်းတိုက်၊ ဦးသတကူပ ဓမ္မဒူတစာသင်တိုက် ဆရာတော်ကြီးများ၊ ကျိုက်ထိုမြို့နယ်သာသနာရေးမှူးဦးအောင်စိုးမိုးခိုင်နှင့် ဝန်ထမ်းများကကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
စာမေးပွဲတွင် ပါရာဇိတကဏ္ဍပါဠိဖြေဆိုရန် စာရင်းပေးသွင်းသံဃာ(၂၅)ပါး၊ ဖြေဆိုသံဃာ(၂၁)ပါး၊ ပျက်ကွက်သံဃာ(၄)ပါးရှိပြီး မတ်(၂၈)ရက်နေ့မှစတင်ကာ ဧပြီလ(၉) ရက်နေ့ထိ ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
ဝင်းမောင်(ကျိုက်ထို)