ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံးရေးသားနည်းသင်တန်း (အခမဲ့) ဆင်းပွဲကျင်းပ

ရမည်းသင်း  မတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ခရိုင်ပြည်သူ့စာကြည့် တိုက်၌ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်၍ (အခမဲ့) စာစီစာကုံးရေးသားနည်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ရှင်းလင်းရာ မြန်မာစာ စာလုံးပေါင်းသတ်ပုံမှန်ကန်ပြီး စနစ်တကျရေးသားနိုင်စေရန်၊ စာပေကို စဉ်ဆက်မပြတ် လေ့လာကာ အတွေးသစ်များဖြင့် ရေးသားနိုင်ရန်နှင့် ကျောင်းသားလူငယ်များ နွေရာသီ ကျောင်းပိတ်ရက်များအတွင်း အားလပ်ချိန်များကို အသိပညာ၊ အတတ်ပညာများ ဆည်းပူးလေ့လာနိုင်ရန်နှင့် ပြန်/ဆက်ဦးစီးဌာမှ ပညာရှင်များနှင့် ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖြင့်ပြည့်စုံစေရေး စဉ်ဆက်မပြတ်သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် စာစီစာကုံးရေးသားနည်းသင်တန်း ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများကဆုများ အသီးသီးချီးမြှင့်ပေးအပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက နည်းပြဆရာ ဦးဝင်းရွှေ (ပညာရေး) (ငြိမ်း) အား ဂါရဝပြု လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)