Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရွှေဘိုမြို့၌ အခြေခံပန်းချီပြိုင်ပွဲ ၊ ဆုချီးမြှင့်ပွဲနှင့် အခြေခံပန်းချီသင်တန်းဆင်းပွဲကျင်းပ
Mar 30,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျောင်သား၊ ကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်ရည်ရွယ်၍ အခြေခံပန်းချီပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် အခြေခံပန်းချီသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁း၀၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းသရုပ်ပြလေ့ကျင့်
Mar 30,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်မီးဘေးလုံခြုံရေးအတွက် ဝေါမြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့၌ ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မိသားစုဝင်များနှင့် အမျိုးသမီးကော်မတီဝင်အလှူရှင်များတို့ ပူးပေါင်း၍ သီလရှင်စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မဝတ္ထုငွေ လှူဒါန်းပွဲ ကျင်းပ
Mar 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ရွှေမှော်ဝန်းသာသနာ့ဗိမ္မာန်တော်ကြီး၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မိသားစုဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်အလှူရှင်များ ပူးပေါင်း၍ သန်လျင်ခရိုင်အတွင်းရှိ သီလရှင်စာသင်တိုက် (၄၄)ကျောင်းအား ဆွမ်းဆန်တော်ဆီနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့သည်၊၊
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပျိုးပင်ပေါင်း (၁၀၅၃၃၃ )ပျိုးထောင်ထားရှိ
Mar 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကျေးရွာသုံးစိုက်ခင်းများ၊ တစ်အုပ်တစ်မစိုက်ခင်းများနှင့် ကျေးရွာ(၁)ရွာလျှင် (၂)ဧက စိုက်ပျိုးနိုင်ရေး၊ ပြည်သူကိုဗဟိုပြု၍ စိုက်ခင်းများအား အိမ်ထောင်စုတိုင်း ကျွန်း(၃)ပင်နှင့် သစ်မာပင်များ စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးနိုင်ရေးအတွက် ရည်ရွယ်ကာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပျိုးပင်များအား ပြုစုပျိုးထောင်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပေး
Mar 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများကို မတ်လ(၃)ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ်တွင် မိုင်းခတ်-မိုင်ယန်းသွားလမ်းနမ့်ဟူးရေထွက်တွင် သန့်ရှင်းရေးလုပ်ငန်းများစုပေါင်းဆောင်ရွက်
Mar 30,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် တပ်ရင်းတပ်ဖွဲ့နှင့်ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ အပတ်စဉ်မြို့သန့်ရှင်းသာယာလှပရေးစုပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီခွဲအချိန်က မိုင်းခတ်-မိုင်းယန်းသွားလမ်းနမ့်ဟူးရေထွက်အနီး သန့်ရှင်းရေးစုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုးသမီးငယ် ၃၃၅၅ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်
Mar 30,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုးသမီးများအတွက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်ပညာသင်တန်းများအပြင် အခြားအသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့အထိ အမျိုးသမီးငယ်သင်တန်းသူ ၃၃၅၅ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါသင်တန်းကျောင်းထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းပေါ်ရှိ ဦးဇိနဘုရား အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး
Mar 30,2024
မော်လမြိုင်မြို့ရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများသည် ယနေ့နံနက်ပိုင်းက တောင်ရိုးတန်းလမ်း၊ ဦးဇိနဘုရား အနီးပတ်ဝန်းကျင်၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5299
Page
5300
Page
5301
Page
5302
Current page
5303
Page
5304
Page
5305
Page
5306
Page
5307
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department