သတင်းများ

တံတားဦးမြို့တွင် ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို  မွေးကင်းမှစတင်၍ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့်  ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ကာကွယ်ဆေးထိုးနှံပေး
Apr 02,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ် ဆေးထိုးခြင်းနှင့် တိုက်ကျွေးလုပ်ငန်းကို တံတားဦးမြို့ပေါ်ရှိ ရပ်ကွက်( ၁ ၊ ၂ ၊ ၃ )အုပ်စုများမှ ရပ်ကွက်များအတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ယမန်နေ့ နံနက်ပိုင်းက  မြို့နယ်ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သံဃာ့ဆေးကုသဆောင်၌ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် YGW (YELLOW GENERATION WAVE) အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်လျက်ရှိ
Apr 02,2024
ပုဗ္ဗသီရိမြို့နယ် YGW (YELLOW GENERATION WAVE) အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းများဖြစ်သည့် ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဘောလုံးအားကစားနည်းများနှင့် မြန်မာ့သိုင်းပညာသင်တန်းများကို ယမန်နေ့နံနက်ပိုင်းတွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လွိုင်လင်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာရှင်းလင်းပွဲ ပြုလုပ်
Apr 02,2024
ရှမ်းပြည်နယ်(တောဂ်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်
Apr 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် ဈေးကုန်းကျောင်းတိုက်၌ သံဃာတော်များနှင့် ရပ်ကွက်နေပြည်သူများအား အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေး ထိုးနှံ
Apr 02,2024
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အမှတ်(၁)ရပ်ကွက်ရှိ ဈေးကုန်းကျောင်းတိုက်၌ သံဃာတော်များနှင့် ရပ်ကွက်နေပြည်သူများအား အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးကို မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ချောက်မြို့၌ ရှင်အပါး (၂၅၀) ရှင်ပြုအလှူတော်အခမ်းအနားအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 02,2024
တောင်တွင်း​ကြီး​မြို့နယ် ဗိဿနိုးဒေသရှိ ​​ရွှေရောင်တော်ဘုရားတွင် ရှင်အပါး (၅၀၀၀) ရှင်ပြုအလှူတော်အခမ်းအနားတွင် ချောက်မြို့နယ်မှ ရှင်အပါး (၂၅၀) သွားရောက်မည်ဖြစ်၍ အခမ်းအနားအောင်​​မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ ​အသိပညာပေးဟောပြောပွဲ ပူး​ပေါင်းဆောင်ရွက်
Apr 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​ မြို့နယ်ဌာနဆိုင်ရာများအနေဖြင့် အသိပညာပေးဟောပြောပွဲများကို စဥ်ဆက်မပြတ် ​ဆောင်ရွက်လျက်ရှိရာ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ဆွပ်ပန်​ကျေးရွာနှင့် ​​ဆွပ်ပ​လောင်းကျေးရွာတို့တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ပူး​ပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်း ဖွင့်လှစ်
Apr 02,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် အကျိုးရှိစေမည့် ကာယ၊ ဉာဏဆိုင်ရာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။