လှည်းကူးမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပေး

လှည်းကူး မတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင်  အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများကို မတ်လ(၃)ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖွင့်လှစ်သင်ကြားရာတွင် လှည်းကူးမြို့နယ်၊ အောင်မင်္ဂရပ်ကွက်အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော နွေရာသီအားကစားသင်တန်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးရဲထွန်းနောင်နှင့်အဖွဲ့၀င်များက ယမန်နေ့ကသွားရောက်၍ ကြည့်ရှုအားပေးစကားပြောကြားပြီး သင်တန်းသား(၁၀၉)ဦးအား အားဖြည့်အချိုရည်ဘူးများကို ပေးအပ်ခဲ့ကြကြောင်းသိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)