“လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ” ဓာတ်ပုံပြပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 30,2024
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခေတ်အဆက်ဆက်က မှတ်တမ်းဓာတ်ပုံများ၊ ထူးခြားထင်ရှားနေရာဌာနများနှင့် ကြည်ညိုဖွယ်ရာ ပုံတော်များကို ဘုရားဖူးလာအများပြည်သူတို့ လေ့လာကြည့်ရှုကြည်ညိုပူဇော်နိုင်ရန်အတွက် “လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ” အမည်ရသည့် ဓာတ်ပုံပြပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း ၇ နာရီခွဲက စေတီတော်ရင်ပြင် မြောက်ဘက်(ရာဟုထောင့်) ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။