ကျောက်တန်း မတ်လ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ရွှေမှော်ဝန်းသာသနာ့ဗိမ္မာန်တော်ကြီး၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မိသားစုဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်အလှူရှင်များ ပူးပေါင်း၍ သန်လျင်ခရိုင်အတွင်းရှိ သီလရှင်စာသင်တိုက် (၄၄)ကျောင်းအား ဆွမ်းဆန်တော်ဆီနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့သည်၊၊
အဆိုပါအခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီးနောက် ကျောက်တန်းမြို့နယ် အောင်ရတနာမဉ္ဇူသီလရှင်စာသင်တိုက် ကျောက်တန်းမြို့နယ် သီလရှင်အမှုဆောင်ဥက္ကဋ္ဌ သာသနာ့ဓဇဓမ္မာစရိယဝိနယဝိဒူ ဒီဃနိကာယ ဝိဒူ အဘိဓမ္မာဝိဒူ ဂန္တဝါစကပဏ္ဍိတဆရာကြီး ဒေါ်ယုဇနသိင်္ဂီထံမှ ကြွရောက်လာသော အလှူရှင်များ၊ ဧည့်ပရိတ်များမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်လာသော သီလရှင် ဆရာကြီး/ဆရာလေးများမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့ကြသည်၊၊
ထို့နောက် သန်လျင်ခရိုင်အတွင်းရှိ သီလရှင်စာသင်တိုက် (၄၄)ကျောင်းအား ရန်ကုန်တိုင်းဒေသကြီအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၏ ဇနီးများ အလှူရှင်များတို့မှ ဆွမ်းဆန်တော် ဆန် ၅၈ အိတ်နှင့် ဆီ ၅ ပိဿာဝင် ၅၈ ပုံးနှင့် နဝကမ္မဝတ္ထုငွေ စုစုပေါင်းလှူဒါန်းငွေ(၂၉၀၀၀၀၀ိ/)ကျပ် (နှစ်ဆယ့်ကိုးသိန်းတိတိ)များ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်၊၊
ဆက်လက်၍ ကျောက်တန်းမြို့နယ် အောင်ရတနာမဉ္ဇူသီလရှင်စာသင်တိုက် ကျောက်တန်းမြို့နယ် သီလရှင်အမှုဆောင်ဥက္ကဋ္ဌ သာသနာ့ဓဇဓမ္မာစရိယ ဝိနယဝိဒူဒီဃနိကာယဝိဒူ အဘိဓမ္မာဝိဒူ ဂန္တဝါစကပဏ္ဍိတ ဆရာကြီး ဒေါ်ယုဇနသိင်္ဂီမှ ဆုတောင်းမေတ္တာပို့သ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်၊၊
ထို့နောက် နံနက် (၁၁)နာရီအချိန်တွင် သန်လျင်ခရိုင်အတွင်း သီလရှင်စာသင်တိုက် (၄၄)ကျောင်းရှိ သီလရှင် ဆရာကြီး၊ ဆရာလေးများအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်၊၊
နေလင်းကျော် (ပြန်/ဆက်)