သတင်းများ

လပွတ္တာမြို့နယ်တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ တံဆိပ်တော်နှင့် အမေရိကန်နိုင်ငံမှ ဆက်ကပ်လှူဒါန်းသော HONORARY DOCTOR OF PHILOSOPHY ဘွဲ့တံဆိပ်တော်တို့အား ထပ်ဆင့်ဆက်ကပ်လှူဒါန်း ပူဇော်ပွဲနှင့်ကျောင်းဆောင် ရေစက်သွန်းချလှူဒါန်းပွဲ ကျင်းပ
Mar 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းပူဇော်သော အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်နှင့် အမေရိကန်နိုင်ငံ BODHISAATRA UNIVERSITY (USA) မှ ဆက်ကပ်လှူဒါန်းသော HONORARY DOCTOR OF PHILOSOPHY ဘွဲ့ တံဆိပ်တော်တို့အား ထပ်ဆင့်ဆက်ကပ်လှူဒါန်းပူဇော်ပွဲနှင့် ကျောင်းဆောင် ရေစက်သွန်းချလှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီချိန်က လပွတ္တလုပ်တောင်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်း ကျေးရွာ၊ ရှင်စောမြတ်စေတီတော် ပုရဝုဏ်အတွင်းရှိ လောင်းဝေဿာန် ဓမ္မဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
လယ်ဝေးမြို့တွင် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ
Mar 31,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် ယမန်နေ့ ညနေ ၃ နာရီက MSME ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပသည်။
ဗိုလ်တထောင်မြို့နယ်၌ အစိုးရဓမ္မာစရိယ စာမေးပွဲစတင်ဖြေဆို
Mar 31,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရဓမ္မာစရိယစာမေးပွဲကို ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံ ဓမ္မာရုံ၊ နားနေဆောင် (၁) နှင့် ( ၂)တို့တွင် မတ် ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် မျက်စိအထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသ
Mar 31,2024
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီ ရရှိရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေး ကုသမှုစရိတ် လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် မတ် ၂၈  ရက် နံနက် ၉ နာရီခွဲအချိန်မှ စတင်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေး လျက်ရှိကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး Bagan Plastic Campaign အဖွဲ့မှဦးဆောင်ကာ ညောင်ဦးမြို့နယ်အတွင်းသုံးနေရာခွဲ ပလတ်စတစ်ကောက်ကြ
Mar 31,2024
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အပတ်စဉ်ပလတ်စတစ် ကောက်ယူရှင်းလင်းနေလျက်ရှိရာ Bagan Plastic Campaign အဖွဲ့မှဦးဆောင်ကာ ပလတ်စတစ်အမှိုက်များ သီးသန့်ကောက်ယူခြင်းကို မတ် ၃၀ ရက်၊ နံနက် ၇ နာရီခွဲအချိန်မှ စတင်ကာ ညောင်ဦးမြို့နယ်အတွင်း နေရာသုံးနေရာခွဲကာ ပလတ်စတစ်သီးသန့်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ အစိုးရဓမ္မာစရိယ စာမေးပွဲဒုတိယ‌နေ့ ဆက်လက်ဖြေဆို
Mar 31,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ သာသနာရေးဦးစီး ဌာနမှ ကြီးမှူးကျင်းပသော အစိုးရဓမ္မာစရိယစာမေးပွဲကို အမှတ်(၄၂)ရပ်ကွက် မဟာဂန္ဓာရုံ ကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် မတ် ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် ဒုတိယ‌နေ့‌ အေးချမ်းစွာဆက်လက်‌ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုးကောင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆင်းပွဲ ကျင်းပ
Mar 31,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆင်းပွဲကို အ.ထ.က (၁)ကျောင်း မဉ္ဇူသက ခန်းမ၌ ယမန်နေ့ ညနေ (၃) နာရီတွင် ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ်တွင် ကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက် အသုံးပြု၍ နွေစပါးနှိုင်းယှဉ် စိုက်ပျိုးခြင်းသရုပ်ပြပွဲအခမ်းအနားတက်ရောက်
Mar 31,2024
စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် Kubota ကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက်အသုံးပြု၍ နွေစပါးနှိုင်းယှဉ် စိုက်ပျိုးခြင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအနီး ယာယီရှင်းလင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ တောင်သူများတက်ရောက်ကြသည်။