မိုင်းခတ် မတ် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် တပ်ရင်းတပ်ဖွဲ့နှင့်ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ အပတ်စဉ်မြို့သန့်ရှင်းသာယာလှပရေးစုပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီခွဲအချိန်က မိုင်းခတ်-မိုင်းယန်းသွားလမ်းနမ့်ဟူးရေထွက်အနီး သန့်ရှင်းရေးစုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်ဗျူဟာ(အခြေချ)(မိုင်းခတ်)စစ်ဗျူဟာမှူးဗိုလ်မှူးကြီးဇော်အေးထွန်း၊ မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်စိုးဦးဆောင်သည့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ မိုင်းခတ်-မိုင်းယန်းသွားလမ်း နမ့်ဟူးရေထွက်၌ ရေထွက်အားကောင်းမွန်ရေးခြုံနွယ်များ၊ ပေါင်းမြက်များအားရှင်းလင်းခြင်း၊ အမှိုက်နှင့်သစ်ရွက်ခြောက်များအား တံမြက်လှည်းကျင်းခြင်း၊ ရေမြောင်းအတွင်းပိတ်ဆို့နေသောအမှိုက်များအားရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)