သတင်းများ

နေပြည်တော်ကောင်စီဝင်ဦးမင်းဦး ပြည်သူ့စစ်တာဝန်ထမ်းဆောင်ကြမည့် လူငယ်များနှင့် တွေ့ဆုံ
Mar 30,2024
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေစီမံအုပ်ချုပ်ရေးခန်းမ၌ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့်အဖွဲ့ဝင်များသည် ပြည်သူ့စစ်တာဝန်ထမ်းဆောင်ကြမည့် အသက်(၁၈)နှင့် (၃၅)ကြားလူငယ်များအား ကြိုဆိုပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပ ခဲ့ကြောင်း သိရသည်။
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော် (၂) ပါးအား မြိတ်လေဆိပ်တွင် ဂုဏ်ပြုကြိုဆိုပင့်ဆောင်
Mar 30,2024
နိုင်ငံတော်အစိုးရ၏ သာသနာတော်ဆိုင်ရာ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်ခြင်းခံရသည့် မြိတ်မြို့ရှိ အောင်မင်္ဂလာပရိယတ္တိစာသင်တိုက် ဆရာတော်နှင့် ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်ခြင်းခံရသည့် တောကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော်တို့သည် မတ် (၃၀) ရက် နံနက်ပိုင်းက မြိတ်မြို့သို့ ပြန်လည်ကြွရောက်လာရာ မြိတ်လေဆိပ်တွင် ဆရာတော်သံဃာတော်၊  ခရိုင်သာသနာရေးမှူးနှင့် တပြည့်ဒါယကာ၊ ဒါယိကာမများက ကြိုဆိုဂုဏ်ပြု ပင့်ဆောင်ပူဇော်ခဲ့ကြသည်။
ရန်ကုန်မြို့တွင် မြန်မာ့ဆောက်လုပ်ရေး၊ အိမ်ရာ၊ လျှပ်စစ်နှင့် စိမ်းလန်းစွမ်းအင်ပြပွဲ -၂ဝ၂၄ ဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 30,2024
မြန်မာ့ဆောက်လုပ်ရေး၊ အိမ်ရာ၊ လျှပ်စစ်နှင့် စိမ်းလန်းစွမ်းအင်ပြပွဲ -၂ဝ၂၄ ဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ အင်းလျားလိပ်ဟိုတယ်၀န်းအတွင်းရှိ YCC ခန်းမ၌ကျင်းပသည်။
လူထုအခြေပြုဗဟိုဌာန၊ Community Centre (Lashio) တွင် အစိုးရစာရင်းထားနည်း (ဌစ) ရေးဆွဲနည်းနှင့် ဘဏ္ဍာရေးစည်းမျဉ်းသင်တန်း ဖွင့်လှစ်
Mar 30,2024
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ လားရှိုးခရိုင် စာရင်းစစ်ရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ လားရှိုးခရိုင် လူမှုဝန်ထမ်းရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် အစိုးရစာရင်းထားနည်း (ဌစ) နှင့် ငွေစာရင်းခေါင်းစဉ်များ၊ ဘဏ္ဍာရေးစည်းမျဉ်းသင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (လားရှိုး) ရှိ သင်တန်းခန်းမတွင် ကျင်းပသည်။
သဲကုန်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 30,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၌ ကင်းထောက်လူငယ် သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်
Mar 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် (၂) နာရီက ရန်ကင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System- GLMS) အသုံးပြုနည်း သင်တန်းဖွင့်ပွဲနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများအား တက်ရောက်
Mar 30,2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ စီစဉ်ကြီးကြပ်မှုဖြင့်  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တို့၏ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ဧည်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System - GLMS) သင်တန်းကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပုသိမ်မြို့ရှိ တည်းခိုခန်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းများအား စဉ်ဆက်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိ
Mar 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနားများအား မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် အစဉ်မပျက် ဆောင်ရွက်လျက်ရှိရာ  ယ‌မန်နေ့ နေ့လည် (၁) နာရီ အချိန်က အ.ထ.က ကန်ကြီး‌ထောင့်၌ ကျင်းပပြုလုပ်ခဲ့သည်။