ဝေါမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းသရုပ်ပြလေ့ကျင့်

ဝေါ မတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်မီးဘေးလုံခြုံရေးအတွက် ဝေါမြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့၌ ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသိန်းထွန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။ ထို့နောက်မီးသတ်ဆေးဘူးအသုံးပြုပြီး မီးငြှိမ်းသတ်နည်းနှင့် ဆီမီးလောင်အား မီးငြှိမ်းသတ်ခြင်းတို့ကို အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးဇင်ဖြိုးနွေဦးနှင့် လျှပ်စစ်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းကာ သရုပ်ပြလေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ပွဲတက်ရောက်လာသူများအား မြို့နယ်မီးသတ်ဦးစီးမှူးဦးသိန်းထွန်းမှ မီးဘေးအကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစောင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက် )