သတင်းများ

ကျိုက်မရော လူထုအခြေပြုဗဟိုဌာန၌ စစ်တုရင်သင်တန်းဖွင့်ပွဲကျင်းပ
Apr 03,2024
ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံစစ်တုရင်သင်တန်းကို ဧပြီလ ၁ ရက်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။
ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲ ကျင်းပ
Apr 03,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ စာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Apr 03,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သရက်တောရပ်ကွက်၊ ပြည်- ရန်ကုန်လမ်း ရွှေတောင်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပခဲ့သည်။
ရွှေကျင်မြို့နယ် လျှပ်စစ်ရုံး၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်
Apr 03,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်ရုံးတို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများကို မြို့နယ်လျှပ်စစ်ရုံးရှေ့၌ ဧပြီလ ၁ ရက်နေ့ ညနေ (၄) နာရီအချိန်က ပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်၌ စိုက်ပျိုးထားသည့် ခရမ်းသီးပင်များ အောင်မြင်ဖြစ်ထွန်းနေ
Apr 03,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်သည် မြေခံ၊ ရေခံကောင်း၍ မိုးရေ၊ ဆည်ရေ၊ ကန်ရေ၊ မြေအောက်ရေတို့ဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့ဖြစ်ပြီး ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း စိုက်ပျိုးတောင်သူများထံက သိရသည်။
ကော့မှူးတွင် (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Apr 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဧပြီ(၁) ရက်နေ့ ညနေ (၄) နာရီက စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
ပေါင်းတည်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပူးပေါင်းအဖွဲ့က ပြည်သူများအားဖြန့်ဝေ
Apr 03,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သထုံခရိုင် လူထူအ‌ခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စောင်ပြသခြင်များ ဆောင်ရွက်
Apr 03,2024
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ပြုလုပ်ခဲ့သည်။