ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲ ကျင်းပ

ဇေယျာသီရိ ဧပြီ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ စာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့် အချက်များ၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားရေးအတွက် စာကြည့်တိုက်များ ရှင်သန် ခိုင်မာရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းပြောကြား ခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် စာကြည့်တိုက်များရှင်သန်နိုင်ရေးအတွက် သက်ဆိုင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဥတ္တခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွဝင်း၊ နေပြည်တော် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာနှင့် အတွင်းရေးမှူး ဦးရဲလင်းအောင်တို့က ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးတိုးတက် စေရန်အတွက် နေပြည်တော် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအနေဖြင့် ကူညီဆောင်ရွက်သွားမည့် နည်းလမ်းများ၊ လက်ရှိရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်ထားရှိမှုအခြေအနေများနှင့် စာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေးအတွက် အခက်အခဲများအား ပွင့်လင်းစွာဆွေးနွေး စေလိုကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ၏ လက်ရှိအခြေအနေ၊ ရှင်သန်ခိုင်မာစွာ ဖွင့်လှစ်နိုင်ရေးအတွက် အခက်အခဲများနှင့် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)