သတင်းများ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ဒေါပုံမြို့နယ်တွင် အသံမစဲ မဟာပဋ္ဌာန်းကျမ်းတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပ
Apr 03,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် အသံမစဲမဟာပဋ္ဌာန်းကျမ်းတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ဧပြီလ(၁)ရက်နေ့ညနေ (၅)နာရီအချိန်က ပြသာဒ်ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
စျေးချိုသူ မဟာသင်္ကြန်မဏ္ဍပ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 03,2024
ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက်၊ ၂၇×၈၅ လမ်းထောင့်ရှိ စျေးချိုတော် စျေးဌာနခွဲရုံးတွင် ၂၀၂၄ ခုနှစ် မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် မန္တလေးမြို့ စျေးချိုသူ မဟာသင်္ကြန်မဏ္ဍပ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဧပြီလ (၂) ရက်နေ့ ‌မွန်းလွဲပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက်၊ ၂၇×၈၅ လမ်းထောင့်ရှိ စျေးချိုတော်စျေးဌာနခွဲရုံးတွင် ညှိနှိုင်းအစည်းဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ သောက်သုံရေရရှိရေးအတွက် သောက်သုံးရေများ လှူဒါန်း
Apr 03,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ နွေရာသီတွင် သောက်သုံးရေရှားပါးသည့် နေရာများ​​တွင် သောက်သုံးရေများ နှစ်စဥ်လှူဒါန်းခဲ့ရာ ယခုနှစ်တွင်လည်း ဆက်လက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
တောင်ငူမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Apr 03,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ (၂၀၂၄) ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်းများ သင်တန်းဆင်းပွဲကို တောင်ငူခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်အားကစားကွင်း၌ ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် ဆီထွက်သီးနှံ နွေနှမ်းအား လျာထားဧကပြည့်မီရေး ကြိုးပမ်းစိုက်ပျိုးလျက်ရှိ
Apr 03,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ပြည်သူများ ဆီစားသုံးမှုဖူလုံစေရန် ရည်ရွယ်ပြီး နွေနှမ်းလျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
နွေရာသီ အခြေခံ အားကစားသင်တန်းဆင်းပွဲကို ဗထူးမိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်
Apr 03,2024
မန္တလေးတိုင်းဒေသကြီး နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံလေလုံ အားကစားခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရား သူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ အားကစားဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်၍ အထူးကုဆရာဝန်များဆေးကုသရေးအဖွဲ့ မင်းလှမြို့နယ် ပြည်သူ့ဆေးရုံတွင် ကွင်းဆင်းဆေးကုသဆောင်ရွက်မှုအား ကြည့်ရှုအားပေး
Apr 03,2024
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးနှင့် တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် ယမန်နေ့နံနက် (၉)နာရီက မင်းလှမြို့သို့ ရောက်ရှိပြီး၊ မင်းဘူးမြို့ပြည်သူ့‌ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်မှုဖြင့် အထူးကုဆရာဝန်များ ဆေးကုသ‌ရေးအဖွဲ့မှ မင်းလှမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြည်သူများအား ကွင်းဆင်းဆေးကုသဆောင်ရွက်မှုအား ကြည့်ရှုအားပေးခဲ့‌သည်။
ပေါင်မြို့နယ်၌ သထုံခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ (အခမဲ့)ကွင်းဆင်းကုသမှု ပြုလုပ်
Apr 03,2024
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ မွန်ပြည်နယ်ကုသရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် သထုံခရိုင် ပြည်သူ့ဆေးရုံ၊ သထုံခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် ပေါင်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သထုံခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ (အခမဲ့)ကွင်းဆင်းဆေး ကုသမှုကို ယမန်နေ့နံနက်ပိုင်းက သဲကုန်းတိုက်နယ် ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့ကြသည်။