ကျိုက်မရော လူထုအခြေပြုဗဟိုဌာန၌ စစ်တုရင်သင်တန်းဖွင့်ပွဲကျင်းပ

ကျိုက်မရော ဧပြီ ၃

ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံစစ်တုရင်သင်တန်းကို ဧပြီလ ၁ ရက်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း ဆွေးနွေးကာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန စစ်တုရင်သင်တန်းနည်းပြဆရာ ဦးအေးကိုက စစ်တုရင်ကစားနည်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ စစ်တုရင်အားကစားနည်းများကို စနစ်တကျလေ့ကျင့်သင်ကြားပေးခဲ့သည်။

အဆိုပါနွေရာသီအခြေခံစစ်တုရင်ကစား နည်းသင်တန်းကို ဧပြီလ ၁ ရက်နေ့မှ ၈ ရက်နေ့ထိ သင်ကြားဖွင့်လှစ်ပေးမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသားသင်တန်းသူ (၁၂) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)