သတင်းများ

တပ်ကုန်းမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုသော စာဖြေ ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား မြဝတီရပ်ကွက်ပြည်သူများမှ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း
Apr 03,2024
၂၀၂၄ ခုနှစ်၊ သာသနာရေးဦးစီးဌာနမှ အစိုးရဓမ္မာစရိယစာမေးပွဲကို ဦးဆောင်ကျင်းပလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အစိုးရဓမ္မာစရိယစာမေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီက အောင်ဆန်းခန်းမစာစစ်ဌာနတွင် ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာကျမ်း (ဒုတိယနေ့)ဘာသာရပ်အား ဖြေဆိုတော်မူလျက်ရှိရာ စာဖြေ ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား မြဝတီရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စေတနာရှင် ပြည်သူများစုပေါင်း၍ နေ့ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။
ပဲခူးတိုင်းဒေသကြီး နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
Apr 03,2024
ပဲခူးမြို့၊ တိုင်းဒေသကြီးအားကစားခန်းမကြီး၌ ဧပြီလ(၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
နတ်မောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Apr 03,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် နွေပဲတီစိမ်း (၄၉၀) ဧက လျာထားစိုက်ပျိုးလျက်ရှိရာ (၁၇၄) ဧက စိုက်ပျိုး ပြီးဖြစ်
Apr 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နေရာဒေသအလိုက် ရေရရှိရေး နည်းလမ်းများ အသုံးပြုပြီး နွေသီးနှံများ စတင်စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄  ခုနှစ် နွေပဲတီစိမ်းသီးနှံ (၄၉၀)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ (၁၇၄)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများဆောင်ရွက်
Apr 03,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား လိုအပ်သော အာဟာရဓာတ်များ ပြည့်ဝစွာ ရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကာကွယ်နိုင်ရန်အတွက် လအလိုက် ထိုးနှံရမည့် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ
Apr 03,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက် (၂)နှစ်နှင့်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ စတင်၍ ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ နွေစပါးစိုက်တောင်သူများ အဆင်ပြေစေရေး ရေပေးဝေမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Apr 03,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် တောင်သူများ၏ လူမှုအကျိုးစီးပွားများ အောင်မြင်တိုးတက် ဖြစ်ထွန်းနိုင်သော စီမံချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက နွေစပါးစိုက်တောင်သူများ အဆင်ပြေစေရေးအတွက် စိုက်ပျိုးရေ ဖြန့်ဝေမှုတို့ကို ကွင်းဆင်းကြည့်ရှုကာ တောင်သူများ၏ ရေလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်၊ ယန်းကောင်းကျေးရွာအုပ်စု၊ ကျေးရွာများအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အသိပညာပေးကွင်းဆင်း
Apr 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံတိုင်းရင်းသားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီမှစတင်၍  ယန်းကောင်ကျေးရွာအုပ်ရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။