ငပုတောမြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်အား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား ကျင်းပ
May 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ကိုယ်စားပြု ရွေးချယ်ခံရသည့် လူရည်ချွန် မောင်မယ်များအား နိုင်ငံတော်မှ အပန်းဖြေ လေ့လာရေးခရီးစဥ် အဖြစ်စေလွှတ်ခဲ့သော လူရည်ချွန်စခန်းများမှပြန် လည်ရောက် ရှိလာသည့် Grade(11) ကျောင်းသူ မငွေဇင်ဝင့်ဝါအား ယမန်နေ့ညနေပိုင်းက ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးဒေါ်ကျင်အေးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့သူ၊ မြို့သားများက ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။