သတင်းများ

ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီသင်တန်း ဖွင့်လှစ်
Apr 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုတန်ဖိုးရှိရှိအသုံးချတတ်စေရန်နှင့် ဘက်စုံ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံပန်းချီ အခမဲ့သင်တန်းကို ယနေ့ နံနက် (၈) နာရီအချိန်က ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
နတ်တလင်းမြို့နယ်၌ (၃၆)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Apr 02,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ (၃၆)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များနှင် သီလရှင်များအား စာအောင်လက်မှတ်နှင့် ဆုများဆပ်ကပ်အပ်နှင်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ နေ့လယ်  ၁ နာရီအချိန်က နတ်တလင်းမြို့၊ သာစည်ရပ်ကွက်၊ ဇေယျဝတီကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရုံး ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပ
Apr 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအမည်သို့ အမည်ပြောင်း ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီခွဲက ရန်အောင်မြင်ရပ်ကွက်၊ မြို့နယ် မြေစာရင်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် ဗုဒ္ဓပူဇနိယပွဲ၊ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် စုပေါင်းရဟန်းခံရှင်ပြုမင်္ဂလာပွဲကျင်းပ
Apr 02,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသော ဗုဒ္ဓပူဇနိယပွဲ၊ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် စုပေါင်းရဟန်းခံရှင်ပြုမင်္ဂလာပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီအချိန်က သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဆိုင်းဘုတ်အသစ်တင်ခြင်းမင်္ဂလာ အခမ်းအနားကျင်းပ
Apr 02,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအမည်သို့ ပြောင်းလဲသတ်မှတ်ခြင်းအတွက် ဆိုင်းဘုတ်အသစ်တင်ခြင်း မင်္ဂလာအခမ်းအနားအား ယမန်နေ့က အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ ဒေသခံပြည်သူများအတွက် သောက်သုံးရေများလှူဒါန်းပေး
Apr 02,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ နွေရာသီသောက်သုံးရေများ စတင်ရှားပါးလာပြီးဖြစ်၍ ဒေသခံပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ရေသယ်ယာဥ်ဖြင့် ရေရှားပါးသော၊ ရပ်ကွက်များဖြစ်သည့် အလှပ်ကျေးရွာနှင့်‌‌ ညောင်ကုန်း‌လေးကျေးရွာများသို့သွားရောက်၍ ရေလှောင်ကန်နှင့်နေအိမ်များသို့ သောက်ရေဂါလံ(၁၆၀၀)အား ယမန်နေ့မွန်းလွဲပိုင်းကအခမဲ့ သွားရောက်လှူဒါန်းပေးခဲ့သည်။
ရွှေပြည်သာမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Apr 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးနှင့်ဝန်ထမ်းမျာက ရန်ကုန်ဘဆွေ‌ရေးသားထား‌သော မြန်မာပြည်သားစာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ(၂)နာရီက(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပသည်။