ရွှေကျင် ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်ရုံးတို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများကို မြို့နယ်လျှပ်စစ်ရုံးရှေ့၌ ဧပြီလ ၁ ရက်နေ့ ညနေ (၄) နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ညီညီလွင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပေးခဲ့သည်။ ထို့နောက် မီးသတ်ဆေးဘူးအသုံးပြုပြီး မီးငြှိမ်းသတ်နည်းနှင့် ဆီမီးလောင်မှုအား မီးငြှိမ်းသတ်ခြင်းတို့ကို အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းကာ သရုပ်ပြလေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြလေ့ကျင့်ပွဲသို့ တက်ရောက်လာသူများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ညီညီလွင်မှ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်