သတင်းများ

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ
Apr 03,2024
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်၊။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 03,2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက် ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ က Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် ၈ ဘီလီယံမှ ဒုတိယအကြိမ် ပြန်လည်ထုတ်ချေးနိုင်ရေးနှင့်  SOP အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Apr 03,2024
မန္တလေးတိုင်းဒေသကြီးသို့ ခွဲဝေချထားပေးခဲ့ပြီးဖြစ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ် ၈ ဘီလီယံမှ ဒုတိယအကြိမ် ပြန်လည်ထုတ်ချေးနိုင်ရေးနှင့် ချေးငွေ လည်ပတ်သုံးစွဲခြင်းဆိုင်ရာ စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure –SOP) အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ငါန်းဇွန်မြို့နယ်၌ မွေးစမှ (၂)နှစ်အထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများပြုလုပ်
Apr 03,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့နံနက်(၈)နာရီအချိန်က မွေးစမှ (၂)နှစ်အထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ စုပေါင်းဒုလ္လဘရဟန်းခံအလှူတော်မင်္ဂလာ၊ သိမ်ဆင်းလောင်းလှူပူဇော်ပွဲနှင့် ရေစက်ချတရားနာအလှူတော်မင်္ဂလာပွဲတော်အခမ်းအနားများကျင်းပ
Apr 03,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မဟာသင်္ကြန်ကာလ မြန်မာတို့၏ ရိုးရာဓလေ့ထုံးစံနှင့်အညီ ကုသိုလ်ဒါအနေဖြင့် ဝန်ထမ်းမိသားစုများ အပါအဝင် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားကို ဧပြီ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဒုလ္လဘရဟန်းသံဃာများ အား သိမ်ဆင်းလောင်းလှူပူဇော်ပွဲနှင့် ရေစက်ချတရားနာ အလှူတော်မင်္ဂလာအခမ်းအနားများကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ အံတော်ရှင်တောင် တန်းသာသနာပြုဗဟိုကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံ အထူးဇုန်များ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Apr 03,2024
၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ အထူးဇုန်များ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ကလေးမြို့တွင် အစိုးရဓမ္မာစရိယစာမေးပွဲ၊ ဓမ္မသင်္ခဏီပါဠိအဋ္ဌကထာ ဘာသာရပ်ဖြေဆို
Apr 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို မတ်လ ၂၈ ရက်မှစ၍ စကားလှဘုန်း‌တော်ကြီးကျောင်း၊ မြို့မဓမ္မာရုံတွင် စတင်ဖြေဆိုလျက်ရှိရာ ယနေ့တွင် ဓမ္မသင်္ခဏီပါဠိအဋ္ဌကထာဘာသာရပ်အား ဖြေဆိုကြောင်း သိရသည်။
တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ငှားရမ်းသူများဖြင့် ပုံမှန်လည်ပတ်
Apr 03,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များတွင် ပုံမှန်ဖွင့်လှစ်လည်ပတ်လျက်ရှိရာ ယမန်နေ့နံနက် ရုံးဖွင့်ချိန်မှစတင်ပြီး ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများ စာအုပ်စာပေငှားရမ်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။