သတင်းများ

လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်
Jun 03,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက် Community Center ခန်းမတွင် ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က အသိပညာပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။
သရက်ချောင်းမြို့မစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ပြုလုပ်
Jun 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ မြို့မရပ်ကွက် မြို့မစျေးအတွင်း ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး Mask Campaign ကို ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်း အဝေးကျင်းပ
Jun 03,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေး ခန်းမတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ဌာနဆိုင်ရာအကြီးအကဲများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဇွန်လ ၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်ကပြုလုပ်သည်။
လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကျောင်းဖွင့်ရက်တွင် ကျောင်းသားကျောင်းသူများ တက်ရောက် ပညာသင်ကြား လျက်ရှိ
Jun 03,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဇွန်လ(၁)ရက်နေ့မှ ကျောင်းများ ဖွင့်လှစ်ရှိရာ ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်း ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၌ အမှတ်(၅)ရပ်ကွက် အ.ထ.က ၄ ကျောင်း တွင် ၁.၆.၂၀၂၁ ရက်နေ့က စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ပညာ သင်ကြားလျက်ရှိသည်။ ယခုအချိန် တွင် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြားလျက်ရှိ သည်။
ပုဇွန်​​တောင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Jun 03,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်​​​​တောင်မြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ ပထမပတ်မှ စတင်ဆောင်ရွက်ပေးလျက်
ဝမ်လွှေ့ကျေးရွာ၌ ရေလွှဲဆည်တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က မြို့နယ်တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် မြို့နယ်ဆည်မြောင်းနှင့်ရေးအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ဝမ်လွှေ့ရကျေးရွာ၌ ရေလွှဲဆည်ဆောင်ရွက်နေသည့် အခြေအနေများကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ် သင်ကြား ပေးလျက်ရှိ
Jun 03,2021
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ဇွန် လ ၁ ရက်နေ့ မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ တတိယမြောက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာ အတန်း အလိုက် သင်ခန်းစာများ သင်ကြား ပို့ချပေး လျက် ရှိသည်။
မော်လမြိုင်မြို့၌ စာဖတ်ဝိုင်းပြုလုပ်
Jun 03,2021
ဝန်ထမ်းများ စာဖတ်သည့်အလေ့အထများရရှိရန်နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေပြီး၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများစာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယနေ့နေ့လည်(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မော်လမြိုင်ခရိုင်ရုံး Community Center ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။