စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မုံရွာ ဧပြီ ၃

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက် ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ က Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ကျေးလက် ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ရည်ရွယ်ချက်များအတိုင်း အောင်မြင်စေရေးအတွက် ကော်မတီအဖွဲ့ဝင်အားလုံးမှ ဝိုင်းဝန်းကြိုး ပန်းဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စာသင်ဝိုင်းများသို့ အခါအားလျော်စွာ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေး ခြင်းများဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စာသင်ဝိုင်းများတွင်အသုံးပြုမည့် စာရေးကိရိ ယာများ၊ ပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များ၊ သင်ထောက်ကူပစ္စည်းများအား သက်ဆိုင်ရာ မြို့နယ်များသို့ အချိန်မီရောက်ရှိရေး တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပညာခေတ်တွင် ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးအား ဦးစားပေးဆောင်ရွက်သွားရန်လိုအပ်ပြီး ရပ်ကွက်အတွင်းရှိ စာမတတ် သူများ၊ ကျောင်းမနေဖူးသူများအား စာသင်ကြားနိုင်ရေးအတွက် စာသင်သားများစာရင်းနှင့် စာသင်ဝိုင်းစု ဖွဲ့စာရင်းများ ကောက်ယူ၍ စေတနာ့လုပ်အားပေး နည်းပြစာရင်းများ ကောက်ယူခြင်းတို့အား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားကြရန်လိုအပ်ပြီး သင်ကြားရေးအစီအစဉ်များ အဆင်ပြေချောမွေ့စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကျရာအခန်းကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ် ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက မိမိတို့ကဏ္ဍများ အလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေ အနေများအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အတွင်း ကျေး လက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက် ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများ နှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့‌ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)