၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ၊ သင်တန်းဆင်းပွဲ၊ တူညီဝတ်စုံထောက်ပံ့ခြင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းပွဲအခမ်းအနားကျင်းပ
Apr 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၂)/ တောင်ရပ်ကွက်၊ မြင်တော်သာလမ်းကြီး၊ မြို့နယ်ဘောလုံးကွင်းအတွင်းရှိ အားကစားခန်းမတွင် ယမန်နေ့၊ (၀၈:၃၀)အချိန် နွေရာသီအခြေခံအားကစားသင်တန်းများ၊ သင်တန်းဆင်းပွဲ၊ တူညီဝတ်စုံထောက်ပံ့ခြင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးကျော်ထွန်း၊ အဖွဲ့ဝင်(၂)ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး လှဘုန်းကျော်၊ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အားကစား ကော်မတီဝင်များ၊ မြို့နယ်အားကစားမှူးများ၊ နည်းပြများ၊ အလှူရှင် Steel King co;ltdမှ မန်နေဂျာ ဦးလူမော်နှင့် သင်တန်းသား/ သင်တန်းသူများ စုစုပေါင်းအင်အား (၃၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။