တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ငှားရမ်းသူများဖြင့် ပုံမှန်လည်ပတ်

တံတားဦး ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များတွင် ပုံမှန်ဖွင့်လှစ်လည်ပတ်လျက်ရှိရာ ယမန်နေ့နံနက် ရုံးဖွင့်ချိန်မှစတင်ပြီး ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများ စာအုပ်စာပေငှားရမ်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူု့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများ၊ ဒေသခံဝန်ထမ်းပြည်သူများနှင့် ကျောင်းသားလူငယ်များအား မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေး၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရေး၊ ဗဟုသုတများကြွယ်ဝစေရေးတို့အတွက်ရည်ရွယ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်အား တနင်္လာနေ့မှသောကြာနေ့အထိ နေ့စဉ်ရုံးချိန်အတွင်း ဖွင့်လှစ်ကာ ကလေးစာပေများ၊ သုတ၊ ရသစာအုပ်စာစောင်များ အသိပညာဗဟုသုတရရှိစေမည့် စာအုပ်များကိုလေ့လာဖတ်ရှုခြင်းနှင့် ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့စာကြည့်တိုက်တာဝန်ခံမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)