ကလေးမြို့တွင် အစိုးရဓမ္မာစရိယစာမေးပွဲ၊ ဓမ္မသင်္ခဏီပါဠိအဋ္ဌကထာ ဘာသာရပ်ဖြေဆို

ကလေး ဧပြီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို မတ်လ ၂၈ ရက်မှစ၍  စကားလှဘုန်း‌တော်ကြီးကျောင်း၊ မြို့မဓမ္မာရုံတွင်  စတင်ဖြေဆိုလျက်ရှိရာ ယနေ့တွင် ဓမ္မသင်္ခဏီပါဠိအဋ္ဌကထာဘာသာရပ်အား ဖြေဆိုကြောင်း သိရသည်။

အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဓမ္မသင်္ခဏီပါဠိအဋ္ဌကထာဘာသာရပ်အား သံဃာတော် ၇၁ ပါး၊ သာမဏေ ၂ပါး၊  သီလရှင် ၁၃ပါးနှင့် လူ ၁ ဦး စာရင်းပေးသွင်းထားရာ သံဃာတော် ၅၄ ပါး၊ သာမဏေ ၂၊  သီလရှင် ၈ ပါးနှင့် လူ ၁ ဦး  စုစုပေါင်း ၆၅ ပါး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

ဓမ္မာစရိယစာမေးပွဲ အဆင်ပြေချောမွေ့စွာ‌ဖြေဆိုနိုင်စေရေးအတွက် ထေကြီးဝါကြီး ဆရာတော်များ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက ဆွမ်းဘောဇဉ်များနှင့် သွားလာမှုအဆင်ပြေလွယ်ကူစေရေး နေ့စဥ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)