သာယာဝတီ၌ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ သင်ကြားနေမှုအား ကြည့်ရှုအားပေး
Apr 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သင်ကြားမှုသင်ယူမှု နည်းစနစ်များ ဖွံ့ဖြိုးတိုးတက်၍ ရပ်ရွာအတွင်းရှိ စာမတတ်သူကျောင်းမနေဘူးသူများ ပညာရေးနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေးမြှင့်တင်နိုင်ရန် ရပ်ကွက်ကျေးရွာအလိုက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို မြို့နယ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ သာယာဝတီခရိုင်နှင့်မြို့နယ်အဆင့် စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ဝင်များသည် ယနေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုအားပေးသည်။