မြစ်သားမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး “အ”သုံးလုံးသင်တန်း ဖွင့်လှစ်သင်ကြား
Apr 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် နိုင်ငံသူ၊ နိုင်ငံသားများ ပညာတတ်မြောက်စေရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ နာမူနာနည်းလမ်းကောင်းများ ရှာဖွေဖော်ထုတ်သွားရန်နှင့် ဒေသ၏အခြေခံစာတတ်မှုနှုန်းတိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက အခြေခံစာတတ်မြောက်ရေး “အ”သုံးလုံးသင်တန်းကို မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်နှင့် ကင်းစိန်စျေးကျေးရွာတို့၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။