လက်ပံတန်း ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအားလုံး စာတတ်မြောက်စေရေးအတွက် အခြေခံစာတတ်မြောက်ရေး သင်တန်းစာသင်ဝိုင်များကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်သည်။
လက်ပံတန်းမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး သင်တန်းစာသင်ဝိုင်များကို နယ်မြေ ၆ ခု သတ်မှတ်၍ စာသင်ဝိုင်း ၃၆ ဝိုင်းတွင် သင်တန်းကြီးကြပ် ဆရာဆရာမ ၄ ဦး၊ နည်းပြ ၃၆ တို့က သင်တန်းသား၊ သင်တန်းသူ(၅၃၆)ဦးတို့အား ၄၀ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာသင်ဝိုင်းပို့ချနေမှုအား သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် မြို့နယ်ပညာရေးမှူးနှင့် ဆရာဆရာမများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)