အမာ ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ (၃) နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ် ဆောင်ရွက်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်မှူး နော်အေးအေးသက်မှ စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားထားသည့် “မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူးများ” စာအုပ်မှ ဆက်ဆံရေးမှာ သတိကောင်းသူ အပုဒ်တွင် မိတ်ဆွေကောင်းရရှိရန် အရေးကြီးကြောင်း မိတ်ဆွေကောင်း၊ မိတ်ဆွေတုများကို ခွဲခြားသိမြင်နိုင်ရန် မိတ်ဆွေတုများတွင် ရှိတတ်သော မကောင်းသည့်အကျင့်များအကြောင်းတို့ကို သတိထားရှောင်ရှားနိုင်ရန် သာဓကများဖြင့် ဦးဆောင်ဖတ်ကြား ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်း တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေ ဝါသနာရှင် များကလည်း မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် ဆောင်းပါးများကို ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
ယခုကဲ့သို့ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ကလေးများ ဥာဏ်ရည်ထက် မြတ်ပြီး စုပေါင်းစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် စာအုပ်များငှားပေးခြင်းနှင့် အားကစားပြိုင်ပွဲများကိုလည်း လစဉ် ပြုလုပ် ပေးလျက်ရှိကြောင်းသိရသည်။
အမာ(ပြန်/ဆက်)