ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုဆောင်ရွက်

ကျိုင်းတုံ ဧပြီလ  ရက်

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုကို အားဖြည့်ဆောင်ရွက်လျက်ရှိရာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သော အဖွဲ့များသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်များမှ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ ဧပြီ ၃ ရက် မှ ၅ ရက် အထိဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အထူးကုဆရာဝန်ကြီးများနှင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ်များမှ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ ၅၂ ဦး ခွဲစိတ်ကုသဆောင်ရွက်နေမှု အခြေအနေများအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာစည်သူအောင်၊ ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ခွဲစိတ်ကုသမှုခံယူသည့် ကလေးများကို အာဟာရကျွေးမွေးခြင်း၊ ခရီးစရိတ်ထောက်ပံ့ခြင်းနှင့် အရုပ်များလက်ဆောင်ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)