သတင်းများ

မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
May 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်တွင် မြို့နယ်အဆင့် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
May 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ လူငယ်ရေးရာကော်မတီနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မြို့နယ်အဆင့် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီက ဆူးဗိုလ်ကုန်းရပ်ကွက်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့မရဲစခန်း၌ မီးဘေးကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်း ဆောင်ရွက်
May 15,2024
မကွေးတိုင်းဒေသကြီး သရက်မြို့မရဲစခန်း၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြပွဲ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံက်(၇)နာရီက မြို့မရဲစခန်း၌ ဆောင်ရွက်ခဲ့သည်။
ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ ကျန်းမာသော လူနေမှုဘဝပုံစံနေထိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
May 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်ကာလ၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြင့်ဆောင်ရွက်ရေး၊ ကျန်းမာသောလူနေမှုဘဝပုံစံနေထိုင်ရေး အသိပညာပေးဟောပြောပွဲကိုပြုလုပ်ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ပင်းတယမြို့နယ်၌ ရင်ကွဲသရက်သီးပင်များ ပိုမိုစိုက်ပျိုးလာ
May 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ရင်ကွဲသရက်သီးပင်များ စိုက်ပျိုးသူများလာပြီ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။
လွိုင်လင်မြို့တွင် မြို့နယ်အဆင့် ကင်းထောက်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
May 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ မြို့နယ်အဆင့် ကင်းထောက်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက လွိုင်လင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျင်းပရာ မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကျောင်းသား/ကျောင်းသူများအား လူငယ်ကဏ္ဍဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကျန်းမာရေးအသိပညာပေးခြင်း ဟောပြောဆွေးနွေးပွဲ အခမ်းအနားသို့တက်‌ရောက်
May 15,2024
ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်း ရရှိမည့် ရင်းနှီးမြှုပ်နှံရန် တင်ပြလျှောက်ထားလာသည့် လုပ်ငန်းများအပေါ် ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဥပဒေလုပ်ထုံး/လုပ်နည်း၊ မူဘောင်များနှင့်အညီ ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းအမှာစကားပြောကြားသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သောက်သုံးရေများ သွားရောက်လှူဒါန်း
May 15,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ နွေရာသီကာလ ပူပြင်းသောအချိန်တွင် သောက်သုံးရေရှားပါမှုနှင့် သောက်သုံးရေများ ပြတ်လပ်မှုမရှိစေရေးအတွက် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သောက်သုံးရေများကို သွားရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။