သာယာဝတီ ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သင်ကြားမှုသင်ယူမှု နည်းစနစ်များ ဖွံ့ဖြိုးတိုးတက်၍ ရပ်ရွာအတွင်းရှိ စာမတတ်သူကျောင်းမနေဘူးသူများ ပညာရေးနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေးမြှင့်တင်နိုင်ရန် ရပ်ကွက်ကျေးရွာအလိုက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို မြို့နယ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ သာယာဝတီခရိုင်နှင့်မြို့နယ်အဆင့် စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ဝင်များသည် ယနေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုအားပေးသည်။
သာယာဝတီခရိုင် စာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ သာယာဝတီမြို့နယ် စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ စာသင်ဝိုင်းများဖွင့်လှစ်သင်ကြားနေမှုကိုကြည့်ရှုအားပေးပြီး နည်းပြများနှင့် စာသင်သားများအား အားပေးအပ်ခဲ့သည်။
သာယာဝတီမြို့နယ်တွင် မြို့နယ်တွင် စာသင်ဝိုင်း(၂၆)ဝိုင်း၊ စာသင်သား ၃၈၉ ဦးရှိပြီး နည်းပြဆရာ၊ ဆရာမ ၂၆ ဦးတို့က ဧပြီလ ၆ ရက်နေ့မှမေလ ၁၅ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်