လက်ပံတန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ကျောင်းသူအားကြိုဆိုဂုဏ်ပြု
May 03,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် အ.ထ.က (၁) မှ လူရည်ချွန်ကျောင်းသူ မစုမြတ်နိုင်သည် ငွေဆောင်မြို့၊ လူရည်ချွန်စခန်း (ငွေဆောင်)မှ ဒေသန္တရဗဟုသုတများအားလေ့လာခဲ့ပြီး လက်ပံတန်းမြို့နယ်သို့ ယမန်နေ့ ညနေ ၁ နာရီခွဲက ပြန်လည်ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဥမ္မာဦးနှင့် ဆရာကြီး/ဆရာမကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာနေပြည်သူများက ကြိုဆိုခဲ့ကြသည်။