သတင်းများ

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် “မုတ်ကောင်ကလေးတွေ ကျတဲ့မျက်ရည်” ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Apr 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်းကာ စာရေးဆရာ မင်းချစ်ဦးဇော် ရေးသားသော “မုတ်ကောင်ကလေးတွေ ကျတဲ့မျက်ရည်” ဆောင်းပါးဖြင့် ၄-၄-၂၀၂၄ ရက်နေ့ နေ့လယ် (၁) နာရီ၌ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်သည်။
အစိုးရနည်းပညာအထက်တန်းကျောင်း (ဟင်္သာတ)တွင် အခြေခံအိမ်တွင်း လျှပ်စစ်ပစ္စည်း ပြုပြင်သင်တန်း၊ သင်တန်းဆင်းပွဲနှင့်သင်တန်း ဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Apr 06,2024
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ဟင်္သာတမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ)နှင့် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်းတို့ ပူးပေါင်းဖွင့်လှစ်သင်ကြား​ခဲ့သော အခြေခံအိမ်တွင်း လျှပ်စစ်ပစ္စည်း ပြုပြင်သင်တန်း၊ သင်တန်းဆင်းပွဲနှင့်သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟင်္သာတမြို့ အစိုးရနည်းပညာ အထက်တန်း ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး (၂/၂၀၂၄) သို့ တက်ရောက်
Apr 06,2024
မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး (၂/၂၀၂၄) အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေး)၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ပြင်ဦးလွင်ဇုန်)နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပခုက္ကူမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Apr 06,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၁၁ နာရီက ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ချီဖွေမြို့နယ် (Community Centre)၌ စာဖတ်ရှိန် မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
Apr 06,2024
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ(၁၂)နာရီက လူငယ်လူရွယ်များ စာပေဗဟုသုတကြွယ်ဝပြီး ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြ(ဆင့်ပွား) သင်တန်းဖွင့်လှစ်
Apr 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကျေးလက် ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြ(ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ သော်ကဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
မဟာအောင်မြေမြို့နယ်အတွင်း၌ စာတတ်မြောက်ရေး သင်တန်းများဖွင့်လှစ်
Apr 06,2024
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ အများပြည်သူတစ်ဦးမကျန် စာတတ်မြောက်နိုင်စေရန် ယနေ့မှစတင်ပြီး စာတတ်မြောက်ရေးသင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ကျိန္တလီမြို့တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ ဆိုင်းဘုတ်အသစ်တင်ခြင်း အခမ်းအနားကျင်းပ
Apr 06,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်သို့ ပြောင်းလဲသတ်မှတ်ခြင်းအတွက် ဆိုင်းဘုတ်အသစ်တင်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။