သတင်းများ

ကျောက်တံတားမြို့နယ်၌ နိုင်ငံသားအရည်အချင်းပြည့်မီသည့်ကျောင်းသား၊ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေး
Jul 23,2026
ကျောက်တံတားမြို့နယ်၌ နိုင်ငံသား အရည်အချင်းပြည့်မီသော ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက လမင်းစီမံချက်ဖြင့် အ-ထ-က(ကျောက်တံတား)၊စကားဝါခန်းမ၌ ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်း‌‌ကျောင်းများ၌ လူကုန်ကူးမှုတားဆီးကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲများကျင်းပ
Jul 23,2026
ကချင်ပြည်နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အသိပညာများကြွယ်ဝ၍ လူကုန်ကူးမှုဖြစ်ပွားမှုမရှိစေရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးအသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၂၁ ရက်က မြစ်ကြီးနားမြို့ အမှတ် (၅) နှင့် အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်းများရှိ ခန်းမများ၌ ကျင်းပခဲ့ကြသည်။
အလုပ်ခွင်ထိခိုက်‌မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ရွှေပြည်သာတွင် ထုတ်ပေး
Jul 23,2026
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ရွှေပြည်သာမြိုနယ် Rhino Plastic စက်ရုံမှအာမခံအလုပ်သမား ဦးပြည့်စုံဖြိုး၏လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။
ကုန်စျေးနှုန်းတည်ငြိမ်ရေးကို ရည်ရွယ်၍ ဗမာကြက်နှင့် အသားစား (CP) ကြက်များအား သက်သာ​​သော ​စျေးနှုန်းဖြင့်​ ​နေ့စဉ်ရောင်းချပေးလျက်ရှိ
Jul 23,2026
ပဲခူးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်၏ လမ်းညွှန်မှု၊ ပဲခူးတိုင်း​ဒေသကြီး စည်ပင်သာယာ​ရေး၀န်ကြီးနှင့် ပြည်ခရိုင်စီမံခန့်ခွဲ​ရေးနှင့် အုပ်ချုပ်​ရေး​ကော်မတီတို့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ ဗမာကြက်နှင့် အသားစား(CP)ကြက်များကို သက်သာ​​သော​စျေးနှုန်းဖြင့် ၀ယ်ယူစားသုံးနိုင်​ရေးအတွက် ​ယမန်နေ့ နံနက်ပိုင်းမှစ၍ ပြည်မြို့ မြို့မ​စျေးကြီး၊ ​အောင်မင်္ဂလာ​စျေး၊ ကိုး​သောင်း​စျေးနှင့် မြို့သစ်​စျေးများတွင် ​ ဗမာကြက်နှင့် အသားစားကြက်များကို သက်သာ​​သော​စျေးနှုန်းဖြင့် နေ့စဉ်​ရောင်းချ​ပေးလျက် ရှိ​ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ် ကိုးတောင့်(အ.ထ.က)ကျောင်းတွင် စက်မှု၊စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းများ၌ ပညာသင်ကြားနိုင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jul 23,2026
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် စက်မှု၊စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းများအား တက်ရောက်ပညာသင်ကြားနိုင်ရေး အသိပညာပေးရှင်းလင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီ ကိုးတောင့်(အ.ထ.က)ကျောင်း၌ ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ကံပိုင်တည် OSS အဖွဲ့ဖြင့် တစ်ဖက်နိုင်ငံမှ သွင်းကုန်/ပို့ကုန်များအား ဝိုင်းမော်မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
Jul 23,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၁ ရက် နံနက် ၁၁ နာရီက ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်း ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်ရှိရာ ရွှေမိုးတောင်ခြေ၌ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များပါဝင်သည့် ကံပိုင်တည် OSS အဖွဲ့ယာယီရုံးဖွင့်လှစ်စစ်ဆေးဆောင်ရွက်နေမှု အခြေ အနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကမာရွတ်မြို့နယ်၌ မွေးကင်းစမှအသက်(၂)နှစ် အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jul 23,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ယနေ့နံနက်ပိုင်းက မွေးကင်းစမှ အသက်(၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအားလစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းမျာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်အတွင်း စားအုန်းဆီအရောင်းဆိုင်များအား သက်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချစေရေး ကွင်းဆင်းစစ်ဆေး
Jul 23,2026
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ညောင်တုန်းမြိူ့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအားသက်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင်လ ၂၁ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။