သတင်းများ

လေးမျက်နှာမြို့နယ်၌ နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Dec 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတို့တွင် ယမန်နေ့နေ့လယ်ပိုင်းက  အကြမ်းဖက်ဖြစ်စဥ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ခြင်း အခမ်းအနားကျင်းပခဲ့သည်။
ငါန်းဇွန်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်
Dec 23,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ မြို့နယ်အတွင်းရောက်ရှိ နေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာ ပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၉ နာရီခွဲက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ တတိယအကြိမ် မဲစာရင်းများ ထုတ်ပြန်ကြေညာပေးရာ ပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှု
Dec 23,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်း အသိပေးထုတ်ပြန်ကြေညာခြင်းကို ယနေ့မှစတင်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများက စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ
Dec 23,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် အမြဲမပြတ်လေ့လာသင်ယူရေးလှုပ်ရှားမှု စာဖတ်ဝိုင်းဆွေးနွေးခြင်းအဖြစ် စာရေးဆရာမ မစန္ဒာရေးသားသည့်“အရိပ်” စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်ရှိ ရွေးကောက်ပွဲဆောင်ရွက်မည့် မဲရုံနေရာများအား  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် ဧရာ၀တီတိုင်းတာ၀န်ခံ ဦးတင်ဆွေ၀င်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းဆောင်ရွက်
Dec 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတ‌နော်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆောင်ရွက်မည့် သတ်မှတ်မဲရုံနေရာများအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့၀င် ဧရာ၀တီတိုင်းတာ၀န်ခံ ဦးတင်ဆွေ၀င်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများမှ ယမန်နေ့နေ့လည် ၁ နာရီတွင် မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမူလတန်းကြိုကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Dec 23,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မင်းလှမူလတန်းကြိုကျောင်း၏ ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက မင်းလှမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ 
သန်လျင်မြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များ အရှိန်အဟုန်မြှင့်ဖြန့်ဝေ
Dec 23,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုမရှိစေရေးပြည်သူများ အားလုံးပါဝင်၍ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေး" ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် သန်လျင်မြို့ လူစည်ကားရာနေရာများ၌ ဖြန့်ဝေခဲ့ကြသည်။
မင်းလှမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) လက်တွေ့ကိုင်တွယ် စမ်းသပ်စစ်ဆေး
Dec 23,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်တွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးနှင့် ထိန်းချုပ်စက်ကိုင်တွယ်မည့် ဆရာ/ဆရာမများအား အီလက်ထရောနစ်မဲပေးစက် လက်တွေ့ကိုင်တွယ်စမ်းသပ်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မင်းလှမြို့ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။