ဆိပ်ဖြူ ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် စက်မှု၊စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းများအား တက်ရောက်ပညာသင်ကြားနိုင်ရေး အသိပညာပေးရှင်းလင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီ ကိုးတောင့်(အ.ထ.က)ကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါလုပ်ငန်းကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍနှင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအပါအဝင် ဘက်စုံပညာရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရက ကျောင်းသား/ကျောင်းသူများအတွက် စက်မှု၊စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းများကိုဖွင့်လှစ်ပေးပြီး တက်ရောက်သင်းကြားနိုင်စေရန် အသိပညာပေးရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်သည်။
အဆိုပါအခမ်းအနားကို ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနတို့က ကိုးတောင့်(အ.ထ.က)ကျောင်းမှ GRADE-8၊ GRADE-9၊ GRADE-10 တို့မှ ကျောင်းသား/ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြသည်။ ကိုးတောင့်(အ.ထ.က) ကျောင်းအုပ်ဆရာကြီး ဦးဇေယျာဝေက အမှာစကားပြောကြားပေးပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဆုအောင် စက်မှု၊စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်းများ ဖွင့်လှစ်ထားရှိခြင်းအခြေအနေများ၊ တက်ရောက်ပညာသင်ကြားနိုင်သည့် အခွင့်အလမ်းများ၊ ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပေးသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်နှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ဆောင်းဦးဝေတို့က စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်းများတက်ရောက်ခြင်းဖြင့် ဆက်လက်ပညာသင်ကြားနိုင်သည့် ပညာရေးအခွင့်လန်းများနှင့် လူမှုစီးပွားဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းအသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ကိုဇွဲ (အညာမြေ)